Channel Avatar

Myanmar4you @UCo4Kra0W-N5FFgoRBk9QD9Q@youtube.com

228K subscribers - no pronouns :c

More from this channel (soon)


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Myanmar4you
Posted 2 years ago

112 - 0

Myanmar4you
Posted 2 years ago

50 - 0

Myanmar4you
Posted 4 years ago

Happy Karen New Year...

83 - 0

Myanmar4you
Posted 4 years ago

Daw Myint Myint Kyaw (Mandalay)
Woman Refree of Myanmar Lethwei
Place - Taung Kalay Karen New Year Lethwei Fight
Date - 27-28-29 December 2019

75 - 0

Myanmar4you
Posted 4 years ago

၁၆ နှစ် အသက်ရွယ်ကပင် ရွှေခါးပတ်ရရှိခဲ့သူ
--------------------------------------------

၂၀၁၆ ခုနစ် ရွှေခါးပတ်ပြိုင်ပွဲ ၅၁ ကီလိုဝိတ်တန်းတွင် အနိုင်ယူဗိုလ်စွဲခဲ့သူ စွမ်းထက်နိုင် တစ်ယောက် ၂၀၁၈ခုနစ်မှာ လက်ဝှေ့နဲ့ အဆက်ပြတ်သွားပါတယ်။ ယခုလက်ရှိမှာ ဘာတွေလုပ်နေလဲ။ ဘယ်လိုမျှော်လင့်ချက်တွေနဲ့ ရှေ့ဆက်မလဲ။ လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ပြန်ဝင်ရန် လေ့ကျင့်နေမှုများကို မကြာခင် MLC ပရိသတ်များအတွက် ရုပ်သံ တင်ဆက်ပေးပါမည်။

115 - 1

Myanmar4you
Posted 4 years ago

ကြိုးဝိုင်းပေါ် ပြန်မြင်ရမယ့် ကြယ်ကြီး Kyal Sin Phyo

ခြေကန်ချက်တွေနဲ့ ပရိသတ်တွေသိခဲ့တဲ့သူ ၂၀၁၅ ခုနစ်ရဲ့ ၆၀kg မှာ ရွှေခါးပတ်ရခဲ့သူ။ သူကတော့ ကြယ်စင်ဖြိုးပါ။ ၂၀၁၃-ခုနစ်ရဲ့အရှေ့တောင်အာရှ SEA-GAME ပြိုင်ပွဲကြီးတွင်လည်း လက်ရွေးစင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ၂၀၁၃ ခုနစ်မှာတော့ ဆုတံဆိပ်တွေမရှိပေမယ့် ၂၀၁၅ ခုနစ်ရွှေခါးပတ်ပြိုင် ၆၀ ကီလိုဝိတ်တန်းမှာတော့ လှစ်လှစ်လေး(ဝါဆို)နှင့် ကြယ်စင်ထူး(ဘိလပ်မြေစက်ရုံ)တို့နှစ်ဦးကို အလဲထိုးအနိုင်ယူပြီး ရွှေခါးပတ်ဗိုလ်ပွဲကိုတက်လှမ်းခဲ့သူပါ။ ရွှေခါးပတ် ဗိုလ်လုပွဲကြီးမှာတော့ မာဂုဏ်မြင့်တဲ့ စောထူးဇော်(ဒို့ရိုးရာ)ကို အမှတ်ဖြင့်အနိုင်ယူကာ ရွှေခါးပတ်ချန်ပီယံဘွဲ့ကို အရယူလိုက်နိုင်ပါတယ်။ ပြည်ပအတွေ့အကြုံအနေနဲ့ စင်ကာပူ၊ ထိုင်း၊ ဂျပန်တို့မှာ သွားရောက်ယှဉ်ပြိုင်ဖူးပါပြီ။ ကြယ်စင်ဖြိုးဟာ ၂၀၁၈ခုနစ်မှာ ကံမကောင်းအဖြစ်တခု ကြုံတွေ့ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ခနဲကိုနှင့်သွားရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်မှုပြန်လုပ်နေရင်း ခါးမှာဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ခြင်းပါပဲ။ ဒဏ်ရာရနေပေမယ့် ပွဲကစာချုပ်ချုပ်ပြီးသားဖြစ်နေတာကြောင့် ဒဏ်ရာမပျောက်သေးဘဲ သွားယှဉ်ပြိုင်ခဲ့ရတာကြောင့် စိတ်သွားတိုင်း ကိုယ်မပါဘဲ အရှုံးရလဒ်ကို လက်ခံခဲ့ရပါတယ်။ ဒီကမှ တဖြည်းဖြည်း လက်ဝှေ့ပွဲတွေဆီ ပြန်ချဉ်းကပ်ဖို့ ကြိုးစားနေတဲ့ ချန်ပီယံကြီးကတော့ သူ့ပွဲတွေကို စောင့်ကြည့်နေပေးဖို့ ပြောခဲ့ပါတယ်။ သူလုပ်ပြချင်တာတွေ ဖြစ်မဖြစ် ပရိသတ်အနေနဲ့လည်း ထပ်ပြီးအားပေးရမယ့်အချိန်က ဘယ်တော့လဲ။ ကြယ်စင်ဖြိုးကတော့ လေ့ကျင့်နေပါပြီ။

#Kyal_Sin_Phyo #Goldenbelt_Champion #Myanmar_Lethwei

https://youtu.be/Waoq3_V15j0

111 - 1

Myanmar4you
Posted 4 years ago

လက်သီးထိုးရာမှာ စံပြလို့ပြောရမယ့် ကျော်စွာဝင်းဟာ စောမင်းမင်းရဲ့ လျှပ်တပြက်ရှိလှတဲ့ ဘယ်ဖြောင့်လက်သီးထိုးအားမှာ စစချင်းပဲ အငိုက်မိခဲ့ရပါတယ်။ ထိုးလိုက်တိုင်း တိကျတဲ့ အပေါ်အောက်တွဲလုံးတွေနဲ့ ကျော်စွာဝင်းရဲ့ အလှပဆုံးပြိုင်ဘက်တယောက်ကို ရွိုင်ရယ်ဒီ ရွှေသထုံက ဖော်ထုတ်လိုက်တာပါပဲ။ လက်နက်ပုန်းလို ဆောင်ယူလာတဲ့ ခေါင်းတလုံးကလည်း ဘယ်ချိန်ဘယ်လိုတိုက်သွားမှန်းမသိရအောင် ကျော်စွာဝင်းကို ထိမှန်ခဲ့ပါတယ်။ ပထမနှစ်ချီထိ ကြည့်အပြီးမှာပဲ ကျော်စွာဝင်းဆိုတဲ့လူငယ် နာမည်ကြီးဖို့ အရမ်းထိုက်တန်ပါလားလို့ မှတ်ချက်ပြုမိစေပြီလေ။ လက်သီးချင်းယှဉ်ထိုးဖို့ တစိုက်မတ်မတ် ရှေ့တိုးခဲ့ရာမှာ ပေးဆပ်လိုက်ရတဲ့ နာကျင်မှုတွေအပေါ် ကျော်စွာဝင်း အသဲကောင်းပြပုံက အံ့အားသင့်စရာတွေပါပဲ။ လက်သီးအစုံပြိုင်ထိုးဖို့ ရှေ့တိုးခဲ့ပေမယ့် လုပ်စရာရှိလုပ်ထည့်သွားပြီး ပြန်ဆုတ်သွားတဲ့ စောမင်းမင်းရဲ့ ဗျူဟာက အသဲချင်းထပ်မယ့်စိတ်နဲ့ ကျော်စွာဝင်းတွက် မချိတင်ကဲ ဖြစ်စရာပါပဲ။ အဆုတ်အတက် ဟန်ချက်ညီအောင် လှုပ်ရှားရင်း တိကျတဲ့ တိုင်မင်ကိုက် လက်သီးချိန်ဆသွားပုံက စောမင်းမင်းကို အထင်ကြီးမိစေပါတယ်။ ကျော်စွာဝင်းတယောက် တတိယချီရောက်တဲ့အထိ ဆိုင်ထိုးပြိုင်ထိုးမယ့် လက်သီးတွဲတွေ အားမကျတာဟာ စောမင်းမင်း ပြန်ထိဖို့ အကြောင်းပါပဲ။ ကျော်စွာဝင်း ကပ်လာတိုင်း မင်းမင်းရဲ့ ဘယ်တံတောင်အပင့်တွေက ကြောက်ဖို့လည်းကောင်း လှလည်းလှပါရဲ့။ လက်ချင်းယှက်ထားရာက ချက်ချင်းဖြုတ်ပြီး တံတောင်ရိုက်ထည့်သွားပုံတွေက​ ဒီပွဲကို ဒီလောက်ညွှန်းဖို့ လုံလောက်သွားပါတော့တယ်။ သုံးချီလောက်ထိ ထိုးခံရာက တိုက်စစ်ဖွင့်ခဲ့တဲ့ ကျော်စွာဝင်းအတွက် အခွင့်အရေးက လေးချီမြောက်ကစလို့ ပေးလိုက်ရပါပြီ။ ကျော်စွာဝင်းလောက် စောမင်းမင်း ထိထားရင် ရွှေသထုံသား ရပ်နေနိုင်ဦးမလားလို့လည်း တွေးမိစေပါတယ်။ ထိနေရာက လာသူငယ်ချင်း ထိုးစမ်းပါဆိုတဲ့ အမူအရာနှင့် ဟန်ပန်တွေဟာ စကားလုံးမပါဘဲ သွေးဆူစေခဲ့တဲ့ ဒီပွဲပါ။ မွန်ပြည်နယ်ကိုဆင်းလာပြီး ဘာမထီစိတ်ပြနေတဲ့ မန္တလေးလူငယ်က ပွဲဆူနေတဲ့ ပရိသတ်ကြီးနှင့်အတူ စင်ပေါ်မှာ လက်ရုံးတွေမြောက်ရင်း ကြွေးကြော်ပါတယ်။ ကြက်သီးထစရာ သတ္တိကောင်းသူတွေပေါ့။ လေးချီမြောက်မှာ လက်သီးချင်း တွဲလုံးချင်း ထိုးစစ်ပြိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။ ဒီနေရာမှာ တွေးမိစေတာတခုက ထိုးမယ့်လက်သီးဟာ ဂတ်လုံအောင် ပိတ်နေဖို့ အချိန်မရှိဘူးဆိုတာပါပဲ။ တကယ်ထိုးတဲ့မောင်တွေလို့ ရေးရပေမယ့် သတ်လုံးသတ်ကွက်စုံလင် ဘုံတခွင် တုန်ယင်သွားစေတဲ့ ပွဲပါပဲ။ ကျော်စွာဝင်း သွားကာ လွင့်ထွက်သွားပုံက ရိုးရာကဗျာတပုဒ်လို လှလှပပ ရှုစားနိုင်ပါပြီ။

လက်ဝှေ့ကြိုက်ရင် သင်ဂုဏ်ယူရမယ့်ပွဲ (Kyaw Swar Win vs Saw Min Min)
https://youtu.be/CW2STNmM5aI

71 - 0

Myanmar4you
Posted 4 years ago

Bloody smile
=========
If you never seen bloody smile in your life, please come to our Lethwei World.

Source - www.facebook.com/2040954649501849/posts/2724421111…

129 - 0

Myanmar4you
Posted 4 years ago

သူကို မှတ်မိကြသေးလား

လောကဓံ လက်ဝှေ့ချန်ပီယံ စိုးမိုးဟိန်း
https://youtu.be/H7fZwzkOGKA

169 - 2

Myanmar4you
Posted 4 years ago

ရိုးရာလက်ဝှေ့လောကသားတွေရဲ့ ဒီနေ့တက်ကြွနေတဲ့ မျက်နှာတွေက ရိုးရာအမွေကို ဆက်ထိန်းဖို့ ကတိကဝတ်ပြုနေသလိုပါပဲ။ အလှူလက်ခံရတိုင်း လက်ခုပ်တီးကြတယ်။ ကျေးဇူးတင်ကြောင်းပြောကြတယ်။ ထပ်ဆင့်ပြီးတော့မှ ကန်တော့သင့်သူကို ကန်တော့တယ်။ မျှသင့်သူကို ပြန်မျှတယ်။ သာဓုခေါ်သံကြားရတယ်။ ဘုရားပွဲကျောင်းပွဲများကို မှီခိုပြီး ဒီအပင်ရှင်သန်ခဲ့တာ ကြာပြီပဲလေ။ အပင်ကတော့ ရှားပါးသစ်ပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ် "ရိုးရာလက်ဝှေ့အားကစား" ပါ။ နည်းနည်းနောနော နှစ်ချို့သစ်ပင်ကြီးလားဗျာ။ ဖွံဖြိုးမှုမြန်ဆန်တဲ့ အင်အားကြီးတွေရဲ့ ယဉ်ကျေးမှုကလည်း သေးသေးလေးတွေကို တိုက်စားဖို့ အသင့်ရှိနေကြပြီ။ ရိုးရာလက်ဝှေ့ကလည်း မပြန့်ပွားနိုင်သေးရင်တောင် မပျောက်ပျက်သွားဖို့ သတိရှိသင့်ပါသည်။ ရိုးရာလက်ဝှေ့သမားတို့သည် ကိုလိုနီခေတ်မှသည် ယနေ့တိုင်ထိ ခေတ်ဆိုးခေတ်ပျက်များကို ကြံ့ကြံ့ခံ ရုန်းကန်ဆဲ။ ပွင့်လင်းမြင်သာလာတဲ့ ဂလိုဘယ်ခေတ်မှာ ကမ္ဘာ့အဆင့်နဲ့ နှိုင်းယှဉ် ပြစ်တင်ခံရတာလည်း သူတို့အရေထူခဲ့ပြီ။ "နင်လဲငါထူ ငါလဲနင်ထူ" စနစ်နဲ့ အကူရယ်ဒိုင်ရယ် ကစားသမားရယ် နည်းပြရယ် အပြန်အလှန် ပံ့ပိုးကျားကန်ဆဲပါ။ ခေတ်ပျက်အဆက်ဆက်မှာ သူတို့ဟာ ရိုးရာလက်ဝှေ့မပျောက်ပျက်ဖို့ သတ္တိကိုဖက် အသက်မွေးခဲ့တယ်။ ဆရာကျားဘညိမ်းကျေးဇူးဖြင့် မြေဝိုင်းမှသည် စင်ပေါ်တက်နိုင်ခဲ့ပြီ။ နိုင်ငံပြင်ပကိုလည်း ထွက်ပြီးခဲ့ပြီ။ ခုလိုကမ္ဘာကြီးကပ်ဆိုက်တော့လည်း သူတို့ပုခုံးထက်က ဒို့ရိုးရာက လေးလေးပင်ပင်ရှိတဲ့ကြား အားတင်းနေကြဆဲလေ။ မာဂုဏ်မြင့်တဲ့ ရိုးရာသားတွေပီပီ လဲကျဖို့မလွယ်ပါဘူး။ လက်မြောက်ဖို့မရှိပါဘူး။ ဒဏ်ရာတွေရကြတယ်။ ရောဂါတွေဖြစ်ကြတယ်။ သင်္ခါရနှင့် သဘာဝတရားကြားမှာ ရိုးရာသားတွေကဖြင့် အသဲကောင်းကောင်း ပွဲတောင်းဆဲဖြစ်ပါတယ်။ ပွဲဟောင်းများပြန်လွမ်းစရာများဖြင့် ကရင်ပြည်နယ်အခြေစိုက် လက်ဝှေ့ကလပ်များရဲ့ လှုပ်ရှားမှုပုံရိပ်များ ဖြစ်ပါတယ်။

8 - 0