Channel Avatar

Shinning Star Channel @UCdhivK7EgT6vS-dsk-mnrGg@youtube.com

97K subscribers - no pronouns :c

မဂ်လာအပေါင်း နှင့် ပြည့်စုံကြပါစေ။ ကျွန်တော်တို့ရဲ့ Channel


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Shinning Star Channel
Posted 1 year ago

Mingalarpar !

51 - 0

Shinning Star Channel
Posted 1 year ago

မဂ်လာအပေါင်း နှင့် ပြည့်စုံကြပါစေ။

ကျွန်တော်တို့ရဲ့ Channel တွင် လူကြီးမင်းတို့ရဲ့ ကြော်ငြာများအား စတင်လက်ခံပေးနေပြီ ဖြစ်ပါတယ်ခင်ဗျာ။

လူကြီးမင်းများ ဆက်သွယ်ရန် Viber Phone No. 09-979805090 သို့ မေးမြန်းဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ကြည့်ရှုအားပေးကြသော လူကြီးမင်း Channel Members များကိုလည်းအထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

ဘေးဘယာကင်း၍ ကျန်းမာပျော်ရွှင်ကြပါစေ။

ချစ်ခင်လေးစားလျက်

Shinning Star Channel
( @shinningstarchannel )

197 - 1

Shinning Star Channel
Posted 1 year ago

#သီတင်းကျွတ်လပြည့်​​‌နေ့🪔🪔🪔

သည်ထေရဝါဒသာသနာတော်မြတ်၏ နေ့ထူးနေ့မြတ်ဖြစ်၏။

🙏မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်ရှိမယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကိုအကြောင်းပြု၍ မွေးကျေးဇူးဆပ်သည့်
အနေဖြင့်အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ဟောတော်မူ၏။

🙏ထို့ကြောင့်အဘိဓမ္မာခုနစ်ကျမ်း ပေါ်ပေါက်လာခဲ့ရပေ၏။ပဌာန်းဒေသနာတော်ကို လူ့ပြည်၌
ဟောခဲ့ခြင်းမဟုတ် ။တာဝတိံသာ နတ်ပြည်၌ ဟောခဲ့​ခြင်းဖြစ်၏။

🙏လူ့ပြည်၌အဘယ့်​ကြောင့် ပေထက် အက္ခရာတင်နိူင်သနည်း ။ တာဝတိံသာနတ်ပြည်၌ ဟောတော် မူ ခဲ့သော အဘိဓမ္မာတရားများကို ပညာအရာတွင် ဧတဒဂ်ရသော ရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား မေးလျောက်သဖြင့်

မြတ်ဘုရားက အကျဉ်းမျှပြန်ဟောပြ၏။ရှင်သာရိပုတ္တရာက နည်းတစ်ထောင် ခြံရံ၍ /နည်းလမ်းတစ်ထာင်အကျယ်ချဲ့၍ သ်ိတော်မူ၏။🙏🙏🙏

🙏ထို့ကြောင့်ဆင့်ကဲအာဂုံဆောင် လက်ဆင့်ကမ်းရာမှ ပေထက်အက္ခရာတင်နိူင်ခြင်းဖြစ်၏။ မြတ်စွာဘုရားရှင်သည် ဝါဆိုလပြည့်နေ့မှသီတင်းကျွတ် လပြည့် နေ့ထိတာဝတိံသာနတ်
ပြည်၌ အဘိဓမ္မာတရားဟောတော်မူ၏။

🙏ထို​​ကြောင့်အဘိဓမ္မာတရားတော် အဆုံးသတ်သည့် သီတင်းကျွတ် လပြည့်နေ့ကို ( အဘိဓမ္မာအခါတော်နေ့)
ဟုခေါ်ဆိုသမုတ်ခြင်းဖြစ်၏။

ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် ယမကပါဋိဟာရိယဥာဏ်ဖြင့်ရေအစုံမီးအစုံ တန်ခိုးတော်ကို ပြတော်မူ၏။ယမိုက်ပြာဋိဟာတန်ခိုးတော်ဟုခေါ်၏။

🙏လက်ဝဲနားတော်မှ ရေ /လက််ယာနားတော်မှမီး

လက်ဝဲမျက်လုံးတော်မှ မီး /လက်ယာမျက်လုံးတော်မှရေ စသည်အားဖြင့် ဒွါရတော်များမှ၎င်း ။ကိုယ်ခန္ဓာတော် အစိတ်အပိုင်းများမှ၎င်း ရေ မီး အစုံ တလှည့်စီ ထွက်ပေါ် ယိုစီးပြခြင်းယမိုက်ပြာဋိဟာတန်ခိုးတော်ဟုခေါ်ပါသည်။

ဤအရာများသည်မြတ်စွာဘုရားရှင် နင့်သာသက်ဆိုင်ပါသည်။ အခြားတန်ခိုးရှင်များနင့် မသက်ဆိုင်ပါ။ရှေးပွင့်တော်မူကုန်သော မြတ်စွာဘုရားရှင်တို့၏ ပြုမြဲဓမ္မတာဖြစ်သော​​​ကြောင့်သာ ယမိုက်ပြဋိတန်ခိုးတော်ကို ပြခြင်းဖြစ်၏။ဂုဏ်သတင်းကျော်ဇောဖို့
လာ်လာဘ်ရဖို့တန်ခိုးပြခြငိးမဟုတ်ပါ။

🙏မြတ်စွာဘုရားသခင်သည် ယမိုက်ပြာဋိဟာတန်ခိုးတော် ပြပြီးနောက်လူ့ပြည်ရှိ အိန္ဒိယနိူင်ငံနေရာ သက်ဿနဂိုရ်ပြည် သို့နတ်မင်းဗြဟ္မာမင်းဖန်ဆင်းပေးသော ပတ္တမြားစောင်းတန်းမှ ​​​​​​ကြွတော်မူ၏။လက်ယာဘက်ရွှေစောင်းတန်းမှဗြဟ္မာများက လိုက်ပါလာ၏။လက်ဝဲ ငွေ စောင်းတန်းမှ နတ်မင်းများကလိုက်ပါလာ၏။

🙏ပဉ္စသိက္ခနတ်သားက နတ်စောင်းကိုတီးလျက် / အချို့နတိသားများက နတ်ခရုသင်းကိုမူတ်လျက်/ဗြဟ္မာတစ်ဦးက ကနက္ကဒါန် ထီးဖြူတော်ကိုမိုးလျက်ဆင်းသက်လိုက်ပါလာကြ၏။

🙏ဤအချင်းအရာကို မြင်ရသောမြတ်စွာဘုရားရှင်၏ ထူးကဲသော အသရေတော်ကိုမြင်ရသော လူ/နတ်ဗြဟ္မာများသည်ဘုရားဆုပန်ကြကုန်၏။

🙏ထို့ကြောင့်သီတင်းကျွတ်လပြည့်နေ့ကိုဘုရားဆုပန်သောနေ့ ဟုလည်းခေါ်ကြ၏။

နောက်တမျိုးကတော့ -

သီ= ရဟနိး သံဃာတော်များသည် ပါတိမေက္သံသံ

ဝရသီလ = ဣန္ဒြိယသံဝရသီလ (ဣန္ဒြေခြောက်ပါးတို့ကိုစောင့်စည်းမူ)

အာဇီဝပါရိသုဒ္ဓိသီလ=(မသန့်ရှင်းသော အသက်မွေးမူကိုရှောင်ခြင်း)

ပစ္စယသန္နိဿိတသီလ ဆွမ်း ကျောင်း ဆေး သက်န်း ပစ္စည်းလေးပါးကို ဆင် ခြင် မှီဝဲခြင်း )

ဤ လေးပါးပေါင်းစု၍ စတုပါရိသုဒ္ဓိသီလဟုခေါ်၏။ အဆိုပါ သီလ လေးပါးအား မပေါက်ကြားအောင် မပျောက်ကြားအောင် ဝါတွင်းသုံလ၌ တစ်ရက်ချင်းအားဖြင့် ပန်းကုန်းသဖွယ် သကုန်းထိန်းသိမ်းရ၏။

တင်း =သံဃာတော်များအနေဖြင့် စောင့်ထိန်းရမည့် သီလလေးပါးအား / အာပတ် ခုနစ်ပါးအား တင်းရင်းရင်း ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းရပေ၏သို့မှသာ ကထိန်ခင်းအပ်၏။

ကျွတ်=သံဃာတော်များအနေဖြင့် ဝါတွင်းသုံးလ
ပြည့်မှသာ အလိုရှိအပ်သော နေရာသို့ပဝါရဏာပြု​ပြီးမှသာ ကျွတ်ကျွတ်လွတ်လွတ်ကြွသွားခွငိ့ရှိ၏။ 🙏🙏🙏

( ဝါတွင်းကါလ၌ ညခြောက်နာရီမှ မနက်ခြောက်နာရီထိ ကျောင်းပြင်ပသို့ ထေကြီးဝါကြီးတံ ဝါပန်ပြီးမှကြွခွင့်ရှိ၏။ )

🙏မြတ်စွာဘုရားသည်ပင်လျှင် တာဝတိံသာနတ်ပြည်၌ သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပြုပြီး မှသာ လူ့ပြည့်သို့ဆင်းသက်ကြွမြန်းတော်မူ၏။

ထိုနေ့ကိုပဝါရဏာပြုသောနေ့ ဟုလည်းခေါ်၏။မြတ်စွာဘုရား လူ့ပြည်သို့ဆင်းသက်ကြွမြန်းသည့်နေ့တွင် လူ့ပြည်လူသားများက ဆီးမီးများထွန်းညှိ၍ ဆီးကြိုပူဇော်ကြ၏။

🙏ထိုနေ့တွင်မြတ်စွာဘုရားသခင်၏ လောကဝိဝရဏတန်ခိုးတော်ကြောင့် ငရဲပြည် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်အား စကြာဝဠာတစ်ခုလုံးအားတိုးလျိုပေါက် /ထုတ်ချင်းပေါက်မြင်ရ၏။လူ နတ်​ဗြဟ္မာ ငရဲသား အားလုံးတို့သည်တစ်ဦး
ကို တစ်ဦး ထင်ထင်ရှားရှားမြင်ကြရ၏။

Credit to: Original uploader

တစ်ဆင့်ကူးယူပူဇော်ပါသည်🙏

#mahazayarbusinessconsultantandfinancialservicegroup
#seinsaneainfinancialservicegroup

237 - 2

Shinning Star Channel
Posted 1 year ago

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ထောင်ဒဏ်ချမှတ်ထားသည့် အမှုများအနက် အမှုအချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ (သြဂုတ် ၁ ရက်)တွင် အမိန့်ထုတ်ပြန်သည်။

201 - 7

Shinning Star Channel
Posted 1 year ago

😍 အားလုံးပဲ မဂ်လာပါ။ 😍

🙏 ကျွန်တော်တို့ ShinningStarChannel မှ နှုတ်ခွန်းဆက်ပါတယ်။🙏

ကျွန်တော်တို့ channel ကိုကြည့်ရှုပေးနေတဲ့ ပရိတ်သက်ကြီးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။ 💛❤💜💚

ဆက်လက်ပြီးတော့ ReactionVideo များ တင်ဆက်သွားမှာဖြစ်ပါတယ်။ 😍😍

ပရိတ်သက်ကြီးကိုလည်း ဆက်လက်ကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။🙏🙏🙏

ယခု channel မှာ monetization အတွက် ပြဿနာအနည်းငယ်ရှိနေတာဖြစ်လို့ video analysising ၊ video editing နှင့် deleting content များပြုလုပ်သွားမှာဖြစ်လို့ ယခုအချိန်အတောအတွင်း New Content များ တင်ဆက်နိုင်မည်မဟုတ်ပါ။ လွန်စွာလည်း စိတ်မကောင်းဖြစ်ရပါတယ်ခင်ဗျာ။ 😞😞😔😔😩😩

ကျွန်တော်လည်း အတက်နိုင်ဆုံးနှင့် အမြန်ဆုံး Content အသစ်ကိုများကို တင်ဆက်နိုင်ဖို့ပြုလုပ်မှာဖြစ်ကြောင်း ချစ်ခင်လေးစားစွာဖြင့် အကြောင်းကြားအပ်ပါတယ်။ 💛❤💜🙏🙏

ပရိတ်သက်ကြီးအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ။💛💛💛

သာယာချမ်းမြေ့သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ။ 🙏🙏🙏

18 - 1