Channel Avatar

Tayar Aye Yake @UCaMb0ipzqfLRMPOeGo59Fhw@youtube.com

49K subscribers - no pronouns :c

မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားစစ်တရားမှန်တွေနဲ့ ပရိတ်တရား


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

Tayar Aye Yake
Posted 2 months ago

ဓမ္မချစ်ခင်သူတော်စင်များ မင်္ဂလာပါ..
ကံပွင့်လာဘ်ပွင့်ခြင်း၊ ငွေဝင်ခြင်းနဲ့ ဓနဥစ္စာတိုးပွားခြင်းတို့ ဖြစ်ပေါ်လာနိုင်တဲ့ ဓနသိဒ္ဓိနက္ခတ်ကျရောက်ချိန်ဟာ နိုဝင်ဘာလ ၉ ရက်ကနေ ယခုဒီဇင်ဘာလ ၆ ရက်အထိဖြစ်ပါတယ်။

အဲဒီကာလအတွင်း မဟာဝေဒဗ္ဗမန္တာန်တော်ကြီးကို အဓိဌာန်အနေနဲ့ ရွတ်ဖတ်ပူဇော်ခြင်းနဲ့ နာကြားပေးခြင်းတို့ ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

မနက်ဖြန်ဆို နောက်ဆုံးနေ့ရောက်ပါပြီ။ မပူဇော်ဖြစ်သေးရင်လည်း ဒီနေ့ညနဲ့ မနက်ဖြန်တစ်ရက် မှီပါသေးတယ်။ မနက်ဖြန်မနက်စောစောမှာ ဆရာတော်အရှင်အဂ္ဂဝံသ ရွတ်ဖတ်ပူဇော်ထားတဲ့ မဟာဝေဒဗ္ဗမန္တာန်တော်ကြီး (ပါဠိ+အနက်မြန်မာပြန်) ဗီဒီယိုဖိုင်တင်ပေးပါမယ်။ ဓမ္မမိတ်ဆွေများ လွယ်ကူစွာ နာကြားပူဇော်နိုင်စေဖို့ပါ။

ဓမ္မမိတ်ဆွေတို့ရော အဓိဌာန်အနေနဲ့ ရွတ်ဖတ်ပူဇော်ဖြစ်ကြလား သိပါရစေ။

247 - 33

Tayar Aye Yake
Posted 2 months ago

မိမိအိမ်သန့်ပြုလုပ်ရာတွင်လည်းကောင်း..
မြေသန့်ပြုလုပ်ရာတွင်လည်းကောင်း..
ရပ်ကွက်လမ်း ရွာလမ်းသန့်‌အောင် ပြုလုပ်ရာတွင်လည်းကောင်း..
ရုံးအဆောက်အဦသန့်‌အောင် ပြုလုပ်ရာတွင်လည်းကောင်း ဗုဒ္ဓဘာသာဝင်မိသားစုတိုင်းက ဆရာတော်များပင့်ဖိတ်၍ ရွတ်ဖတ်ကြရသည့်အပြင်

ကျရောက်လတ္တံ့သော ဘေးဆိုးကြမ္မာဆိုးများကို တားဆီးနိုင်ရန် နေ့စဉ်ပူဇော်ပေးကြရသည့် ဗုဒ္ဓအမိန့်တော်ခေါ် "ကမ္မဝါစာ" ကို ဆရာတော်ကြီးတစ်ပါးကိုယ်တိုင် ရွတ်ဖတ်ထားတဲ့ဗီဒီယိုကို ဓမ္မချစ်ခင်သူတော်စင်များအတွက် ယနေ့တင်ပေးထားပါတယ်။

Tayar Aye Yake YouTube Channel
(27.11.2024)

285 - 3

Tayar Aye Yake
Posted 2 months ago

ဓမ္မချစ်ခင်သူတော်စင်များအားလုံး မင်္ဂလာပါ!!

မိမိတို့အပေါ် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ပေးနိုင်ပြီး ဆရာတော်ရှင်အဂ္ဂဝံသပူဇော်တော်မူသောစက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ဗီဒီယိုဖိုင်ကို စာတန်းထိုးဖြင့် တင်ပေးထားပါတယ်။

*ဤစက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက်ပွားများစေပါသည်။ ဒါ့အပြင် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။

*ထို့ပြင် အမိ၊ အဘ၊ ဆရာသမားစသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။

*ဤဂါထာမန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများသင့်ပါသည်။

*ယင်းဂါထာမန္တန်တော်ကို ရွတ်ဖတ်ပွားများပြီးသောအခါ မိမိကိုယ်စောင့်နတ်အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည်။ "သူတော်ကောင်း နတ်ကောင်း မ" ဆိုသည့်သဘောကို စဉ်းစားဆင်ခြင်ရန် ဖြစ်ပါသည်။

Tayar Aye Yake
(၂၆.၁၁.၂၀၂၄/ အင်္ဂါနေ့)

61 - 0

Tayar Aye Yake
Posted 2 months ago

ဓမ္မမိတ်ဆွေများအတွက်..

#ဗေဒင်ပညာရှင် ဆရာကြီးမင်းသူရ ဟောပြထားသော ၇ ရက်သားသမီးများအတွက်၂၀၂၅ တစ်နှစ်လုံးစာ အသေးစိတ်အထူးဟောစာတမ်းကြီးကို နေ့နာမ် ၇ ခုစာ ဗီဒီယို ၇ ခုဖြင့် တင်ပေးပြီးဖြစ်ပါတယ်။

#လာမဲ့နှစ်သစ်အတွက် မိမိတို့ရဲ့ ကံကြမ္မာ အဆိုးအကောင်း၊ ဆောင်ရန်ရှောင်ရန်နှင့် အထူးဟောကိန်းအပြင် ကံ‌ကောင်း‌စေမဲ့ယတြာတို့ကို အသေးစိတ် ကြည့်ရှုသိရှိနိုင်ပါပြီ...။

110 - 9

Tayar Aye Yake
Posted 3 months ago

ဓမ္မချစ်ခင် သူတော်စင်များအားလုံး မင်္ဂလာပါ !!

လာမဲ့ ၂၀၂၅ ခုနှစ်အတွက် ဆရာကြီးမင်းသူရရဲ့ ခုနှစ်ရက်သားသမီး နေ့နာမ်အလိုက်အဟောတွေ မကြာမီတင်ပေးသွားပါမယ်။

ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေးအိမ်ထောင်ရေး၊ ကံကောင်းစေသောအရာများ၊ အထူးဟောကိန်းနဲ့ ကံကောင်းစေမဲ့ယတြာ စတာတွေအပြင် ဆောင်ရန်ရှောင်ရန်အချက်တွေ ပြည့်ပြည့်စုံစုံပါဝင်မှာဖြစ်လို့ စောင့်မျှော်၍ အားပေးကြည့်ရှုပေးကြပါဦး။

308 - 10