Channel Avatar

ဓမ္မသုခ Dhamma Thukha @UCKHQTOfegWn3YzrS79NNMvQ@youtube.com

31K subscribers - no pronouns :c

ဓမ္မစကားနေ့တိုင်းကြားက စိတ်ထားဖွေးလက် ညာဏ်ရည်ထက်သည်။ 🙏🙏🙏


Welcoem to posts!!

in the future - u will be able to do some more stuff here,,,!! like pat catgirl- i mean um yeah... for now u can only see others's posts :c

ဓမ္မသုခ Dhamma Thukha
Posted 2 years ago

ဒုစရိုက် ၁၀ ပါး

19 - 0

ဓမ္မသုခ Dhamma Thukha
Posted 2 years ago

မတွေးနဲ့ . . .
🖌🖌🖌🖌

မနေတတ်ရင်
ပစ္စည်းရှိလေ ဆင်းရဲလေပဲ။
ရာထူးကြီးလေ ဆင်းရဲလေပဲ။
ပစ္စည်းရှိရှိ မရှိရှိ ၊ ရာထူးရှိရှိ မရှိရှိ
နေတတ်မှချမ်းသာတာ။

ပြောစရာ အများကြီးထဲက
တစ်ခုပဲပြောရရင် "မတွေးနဲ့" လို့
သည်တစ်ခုပဲ ပြောချင်ပါတယ်။

ဆင်းရဲတာ အဲဒီ့အတွေးကနှောင့်ယှက်
နေလို့ ဆင်းရဲတာ။
ဒုက္ခ တစ်ကျပ်သားမှာ ပက်ပင်းကြုံဒုက္ခက
တစ်မတ်သားထက်မပိုပါ။
အတွေးကြောင့်ဖြစ်တဲ့ ဒုက္ခက
သုံးမတ်သားလောက်ရှိပါတယ်။
ဟိုပက်ပင်းကြုံ ဒုက္ခတစ် မတ်သားကတော့
ဘုရားရဟန္တာတွေလည်း မလွတ်ပါဘူး ။
အဲဒီ့တစ်မတ်သားက လောကဓံ ကိုး။

တရားအားထုတ်တယ်ဆိုတာ
မတွေးဖြစ်အောင် တရစပ်မှတ်ခိုင်းတာပါ။
အတွေးကို အမှတ်နဲ့လဲ ယူရတာပါပဲ။
တရားက ခန္ဓာထဲ ရှိပြီးသားပါ ။
ကိုယ့်အိပ်ထဲက ပိုက်ဆံ
ထုတ်ရေကြည့်သလိုပါပဲ ။

တရားရှာတယ်ဆိုတာ ကျွဲပျောက်
နွားပျောက် ရှာ တာမျိုး မဟုတ်ပါဘူး ။
တွေးတယ်ဆိုတာ သူများကြောင့်တွေးတာ။
တွေးတော့ဘာဖြစ်သတုန်း ။
ကိုယ့်စိတ်ကို သူများက ပိုင်သွားတာပေါ့ ။
ကိုယ့် စိတ်က ကိုယ့်ထဲမှာ မရှိတော့ဘူး ။

ဥပမာ . . .
ကြက်တွေးမိရင်
ကြက်ဆီစိတ်ပို့ထားရတာ ။
ကိုယ်တိုင်ကြက်ဖြစ်သွားရပြီလေ။
၀က်တွေး ၀က်စိတ်ပေါက်
ကိုယ်တိုင် ၀က်ဖြစ်သွားပြီလေ။

တရားမှတ်တယ်ဆိုတာ သူများဆီထားတဲ့
စိတ်ကလေး ကိုယ့်ဆီ ပြန်ခေါ်တာ ။
မတွေးရင် ချမ်းသာပေါ့ဗျာ ။
မရှိလည်း ချမ်းသာ။ ရှိလည်းချမ်းသာ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

🙏သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-အလှူအားလုံးတို့တွင်
တရားအလှူသည် အမြတ်ဆုံး
Dharma Thukha

9 - 0

ဓမ္မသုခ Dhamma Thukha
Posted 6 years ago

မေတ္တသုတ်ပါဠိ
~~~~~~~~~~
၁။ ယဿာ နုဘာဝတောယက္ခာ၊
နေဝ ဒေဿနိ ္တ ဘီသနံ။
ယဥှိ စေဝါ နုယုဥ္ဖနေ ္တာ၊
ရတ္တိန္ဒိ၀ မ-တန္ဒိတော။

၂။သုခံ သုပတိ သုတ္တောစ၊
ပါပံ ကိဥ္စိ နပဿတိ။
ဧဝ မာဒိ-ဂုဏူပေတံ၊
ပရိတ္တံ တံဘဏာမ ဟေ။

၃။ ကရဏီယ မတ္ထ-ကုသလေန၊
ယန ္တသနံ ္တ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ။

၄။ သန ္တုဿကော စ သု-ဘရောစ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ၊
သနိ ္တန္ဒြိယော စ နိပကော စ၊
အပ္ပဂဗေ ္ဘာ ကုလေသွ နနုဂိဒ္ဓေါ။

၅။ န စ ခုဒ္ဒမာစရေ ကိဥ္စိ၊
ယေန ၀ိညူ ပရေ ဥပဝဒေယျုံ။
သုခနော ၀ ခေမိနော ဟောန ္တု၊
သဗ္ဗသတ္တာ ဘဝန ္တု သုခိတတ္ထာ။

၆။ ယေ ကေစိ ပါဏ ဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ နဝ သေသာ။
ဒီဃာ ၀ါယေ ၀ မဟန ္တာ၊
မဇ္စျိမာ ရဿကာ အဏုက-ထူလာ။

၇။ ဒိဋ္ဌာ ၀ါယေဝ အဒိဋ္ဌာ၊
ယေဝ ဒူရေ ဝသနိ ္တ အဝိဒူရေ။
ဘူတာ ၀ သမ ္ဘဝေ သီဝ၊
သဗ္ဗ သတ္တာ ဘဝန ္ထု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိ မညေထ ကတ္ထစိ န ကဥ္စိ။
ဗျာရောသနာ ပဋိဃ-သည၊
နာည မညဿ ဒုက္ခ မိစေ ္ဆယျ။

၉။ မာတာ ယထာ နိယံ ပုတ္တ-
မာယုသာ ဧက-ပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗ-ဘူတေသု၊
မာနသံ ဘာဝယေ အပရိမဏံ။

၁၀။ မေတ္တဥ္စ သဗ္ဗ လောကသ္မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဥ္စ၊
အ-သမ္ဗာဓံ အ-ဝေရ မ-သပတ္ထံ။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ-၀ိတ-မိဒ္ဓေါ။
ဧတံ သတိ ံ အဓိဋ္ဌေယျ၊
ဗြဟ္မ မေတံ ၀ိဟာရ’မိဓ မာဟု။

၁၂။ ဒီဌိဥ္စ အနုပဂ္ဂမ္မ၊
သီလဝါဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊
န ဟိ ဇာတုဂ္ဂဗ ္ဘသေယျ ပုန-ရေတိ။

မေတ္တ-သုတ္တံ နဋ္ဌိတံ။

မေတ္တာသုတ် - အနက်​မြန်​မာပြန်​
~~~~~~~~~~~~~~~~~~~
၁။​မေတ္တာသုတ်ပရိတ်ေ တာ်၏ တန်ခိုးရှိန်စော ်အာနုဘော်ကြောင့်ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သောအဆင်းအသံအစရှိ
သော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေ
က ုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌လည်းကောင်း၊ နေ့အခါ၌လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်၊

၂။ချမ်းသာစွာအိပ်ရ ၏၊ အိပ်သော်လည်း မကောင်းသောအိပ်မက်ကိုတစိုးတစိ မျှ မမြင်မက်၊ ဤသို့အစရှိသောဂုဏ်ကျေးဇူးအပေါ င်းနှင့် ပြည့်စုံသောမေတ္တာသုတ်ပရိတ်တော်ကို အို-သူတော်ကောင်းတို့ငါတို့ရွတ်ဖတ်ကြပါကုန်စို့။

၃။​လောကီလောကုတ္တရာအကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကိုအာရုံပြု၍ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကိုကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တ ို့ကို မငဲ့ကွက် မညှာတာပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါ းရိုးသားဖြောင့်မတ်ရာ၏၊ စိတ်သဘောထား ကောင်းစွာဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏ ၊ နူးညံ့သိမ်မွေ့ရာ၏၊ သူတစ်ပါးအပေါ်ထောင်လွှားသော မာန်မာနမရှိရာ။

၄။ ရောင့်ရဲလွယ်ရာ၏ ၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသောအမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သောဣန္ဒြေရှိရာ၏၊ အရာရာ၌ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှုမရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။

၅။ပညာရှိတို့ကဲ့ရဲ့ရှုတ်ချအပ် သောတစုံတစ်ခုသော မကောင်းမှုကိုအနည်းငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေက ုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သ တည်း။

၆။အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသောသတ္တဝါ၊ ထိတ်လန့် တတ်သောသတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သောသတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသောသတ္တဝါ၊ မတိုမရှည်သောသတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သောသတ္တဝါ၊ မကြီးမငယ်သောသတ္တဝါ၊ ဆူသောသတ္တဝါ၊ ကြုံသောသတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။

၇။မျက်စိဖြင့်မြင်ကောင်းသောသတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသောသတ္တဝါ၊ အဝေး၌နေသောသတ္တဝါ၊ အနီး၌နေသောသတ္တဝါ၊ ထင်ရှားဖြစ်ပေါ်
ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသောသတ္တဝါ၊ ဤအလုံးစုံသောသတ္တဝါတို့သည်ကိုယ်စိတ်နှစ်ဖြ ာ ချမ်းသာခြင်းရှိကြပါစေကုန်သတ ည်း။

၈။တစ်ယောက်သောသူကတစ်ယောက်သောသူကိ အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌တစ်ယောက်သောသူက တစ်ယောက်သောသူကိုညှဉ်းဆဲချုပ်ချယ်သော ကာယကံဝစီကံဖြင့်လည်းကောင်း၊ ခိုက်ရန်မျက်ပွာ း အငြိုးထားသောစိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင ့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့ ်။

၉။အမိသည် မိမိရင်သွေးဖြစ် သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့်အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသောသတ္တဝါတို့၌အတိုင်းအရှည်မရှိ ိသော မေတ္တာစိတ်ကို ပွားစေရာ၏။

၁၀။ ကာမဘဝတည်းဟူသောအောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက်လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်းကျဉ်းမြောင်းခြင်းလည် းမရှိ ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှ အတိုင်းမသိ ချစ်ခင်မြတ်နိုး သောမေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

၁၂။ရပ်နေစဉ်သော်လည် းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်ေ သာ် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံးသာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍နေထိုင်ခြင်းကို ''မြတ်သောနေထိုင်ခြင်း''ဟူ၍မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။

၁၃။ မေတ္တာကမ္မဋ္ဌာန်းကိ ုစီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍မဂ်ဉာဏ်အမြင်နှင ့်ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာ ကာမ တို့၌တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန်အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ ။

မေတ္တသုတ်​မြန်​မာပြန်​ပြီးပါပြီ

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်​၏အ​ထောက်​အပ့ံဖြစ်​ကြပါ​စေ...။

မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး)စုစည်​း၍ဓမ္မဒါနပြုပါသည်​ ။

5 - 0

ဓမ္မသုခ Dhamma Thukha
Posted 6 years ago

သူတော်ကောင်းတရား (၇) ပါး

15 - 0

ဓမ္မသုခ Dhamma Thukha
Posted 6 years ago

နိဗ္ဗာန်သို့သွားရာလမ်းဖြစ်သော မဂ္ဂင် (၈) ပါး
===================================
{{ မဂ္ဂင် ရှစ်ပါး အကျင့်တရား }}

၁။ သမ္မာ ဒိဋ္ဌိ-မှန်မှန်ကန်ကန် သိခြင်း-

သတ္တဝါ တွေဟာ အခြားသော အင်အား စွမ်းအား
တန်ခိုးစသည် တစ်ခုခုကြောင့်၊သို့မဟုတ်.ဖန်ဆင်းမှု
ဖြစ်စေမှုကြောင့်၊သတ္တဝါ ဖြစ်လာရသည်မဟုတ်
မိမိပြုလုပ်သော အလုပ်(ကံ)ကြောင့် ထိုအလုပ်၏
အကျိုးဆက်အဖြစ် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု
သိမြင်ခြင်း(ကမ္မဿကတာ သမ္မာဒိဋ္ဌိ)။

ထိုသို့ုဖြစ်ပေါ်လာရသော ရုပ်နာမ်ခန္ဓာသည် အမြဲတမ်း တည်မြဲနေမှု မရှိသောကြောင့် အနိစ္စဖြစ်သည်။ တည်မြဲခြင်း မရှိ ဖြစ်ပျက်ပြောင်းလဲ နေသောကြောင့် ဒုက္ခ ဖြစ်သည်။
သူ့ ဓမ္မ နိယာမသဘောအတိုင်း ဖြစ်ပျက်ပြောင်းလဲ ခြင်းသာဖြစ်၍ မိမိလိုရာ ဖြစ်စေလိုရာသို့ လိုက်၍ မဖြစ်သောကြောင့် အနတ္တ ဖြစ်သည်ဟု သိခြင်း(ဝိပဿနာ သမ္မာဒိဋ္ဌိ)။

ဆင်းရဲအားလုံး၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်​ ကို မျက်မှောက်ပြုလျှက် ကောင်းမွန်မှန်ကန်စွာ သိခြင်း (​လောကုတ္တရာ သမ္မာ ဒိဋ္ဌိ)ဟူ၍ သုံးမျိုးရှိသည်။

၂။ သမ္မာ သင်္ကပ္ပ-မှန်မှန်ကန်ကန် ကြံစည်ခြင်း

(၁) ကာမအာရုံတို့ကို မလိုက်စားဘဲ ထိုအာရုံတို်မှ ထွက်မြောက်ရန် ကြံစည်မှု (နေက္ခမ္မ သင်္ကပ္ပ)
(၂) သတ္တဝါ များ မပျက်စီးစေရန် မေတ္တာ အခြေခံသော ကြံစည်မှု(အဗျာပါဒ သင်္ကပ္ပ)
(၃)သတ္တဝါ များ ဆင်းရဲကင်းစေရန် ကရုဏာ ဖြင့်ကြံစည်မှု (အဝိဟိ ံသ သင်္ကပ္ပ)ဟူ၍သုံးမျိုးရှိသည်။

၃။ သမ္မာ ဝါစာ-မှန်မှန်ကန်ကန် ပြောဆိုခြင်း

မုသာဝါဒ -လိမ်ညာပြောဆိုမှု
ပိသုဏဝါစာ-တစ်ဦးနှင့်တစ်ယောက် ကွဲပြားအောင် ကုန်းချောမှု
ဖရုသဝါစာ-ကြမ်းတမ်းစွာ ဆဲဆိုပြောကြားမှု
သမ္ဖပ္ပလာပဝါစာ- ကောင်းကျိုးမဖြစ် အနှစ်မရှိသော
စကားကို ပြောဆိုမှု ဟူသော ဝစီဒုစရိုက်လေးပါမှ
ရှောင်ကြဉ်ကာ ပြောဆိုမှုများ ဖြစ်သည်။

၄။ သမ္မာ ကမ္မန္တ-မှန်မှန်ကန်ကန် ပြုလုပ်ခြင်း
သတစ်ပါး အသတ် သက်ခြင်း၊သူ့ ဥစ္စာ ခိုးခြင်း
သူ့ သားမယားပြစ်မှားစော်ကားခြင်း ဟူသော
ကာယဒုစရိုက်သုံးပါးမှ ရှောင်ကြဉ်၍ ပြုလုပ်ခြင်းဖြစ်သည်။

၅။ သမ္မာ အာဇီဝ-မှန်မှန်ကန်ကန် အသက်မွေးခြင်း

ဝစီ ဒုစရိုက် လေးပါး၊ ကာယဒုစရိုက်သုံးပါးတို့မှ
ရှောင်ကြဉ်၍ ကောင်းမွန်မှန်ကန်စွာ အသက်မွေးခြင်း ဖြစ်သည်။

၆။ သမ္မာဝါယမ-မှန်မှန်ကန်ကန် ကြိုးစားခြင်း

ဖြစ်ပြီးသော အကုသိုလ် ကို ပယ်ရှားရန်အားထုတ်ခြင်း (ဥပန္နပါပက)
မဖြစ်သေးသော အကုသို်လ်တရားတို့ကို မဖြစ်ရအောင် အားထုတ်ခြင်း(အနုပ္ပန္နပါပက)
ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားအောင် အားထုတ်ခြင်း (ဥပ္ပန္နကုသလ)
မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခြင်း (အနုပ္ပန္နကုသလ) တို့ဖြစ်သည်။

၇။ သမ္မာ သတိ-မှန်မှန်ကန်ကန် အောင့်မေ့ခြင်း

ရုပ်နာမ် နှစ်ပါး(သို့မဟုတ်) ခန္ဓာ ငါးပါးအပေါ်၌ သတိကို စူးစိုက်စွာထားမှုဖြစ်သည်။

၈။ သမ္မာသမာဓိ-မှန်မှန်ကန်ကန် တည်ငြိမ်ကြည်ခြင်း

သမထဘာဝနာအလုပ်၊ ဝိပဿနာ ဘာဝနာအလုပ်တို့၌
စိတ်၏ တည်ကြည်ငြိမ်သက်မှုတို့ဖြစ်သည်။
===============================
Credit- အရှင်တေဇိန္ဒ (ဗုဒ္ဓ၏ သားတော်)

15 - 0

ဓမ္မသုခ Dhamma Thukha
Posted 6 years ago

🙏🙏🙏 နေပြည်တော် - ဥပါတ္တသန္တိစေတီတော်မြတ်ကြီး

11 - 0

ဓမ္မသုခ Dhamma Thukha
Posted 6 years ago

🙏🙏🙏နေပြည်တော် - ဥပါတ္တသန္တိ စေတီတော်မြတ်ကြီး🙏🙏🙏

6 - 0

ဓမ္မသုခ Dhamma Thukha
Posted 6 years ago

မော့လည်းကြည့်ပါ ငုံ့လည်းကြည့်ပါ
🙏🙏🙏

16 - 0